Testimonials

Testimonials

Thin Myat Mon

“အားလုံးပဲမင်္ဂလာပါ။ ကျွန်မက သင်းမြတ်မွန်ပါ။ The SPACE မှာ Zero to Hero (March 2017) အတန်း ကနေစပြီး တက်ခဲ့တာ အခု Intermediate level ရောက်ပါပြီ။ အခု ၉ လ တာ ကာလမှာ ကျွန်မရဲ့ English skills အားလုံး တကယ်ကို သိသိသာသာတိုးတက်လာပါတယ်။ အထူးသဖြင့် စကားလုံးအသစ်တွေ အများကြီး သိရပါတယ်။ အရင်ဆို အင်္ဂလိပ်စာအုပ်တွေဖတ်ဖို့ အရမ်းကြောက်တယ်။ စကားလုံးတစ်လုံးချင်းဆီကို ဘာသာပြန်ပြီး ဖတ်တော့ တစ်လုံးချင်းဆီရဲ့ အဓိပ္ပာယ်ကို မသိရင် စာကိုရှေ့ဆက်ပြီး မဖတ်ချင်တော့ဘူး။ အခုတော့ The SPACE မှာလေ့ကျင့်ပေးတဲ့ reading techniques တွေကြောင့် စကားလုံးတစ်လုံးအဓိပ္ပာယ်မသိလည်း စာတစ်အုပ်ပြီးအောင်ဖတ်ဖို့ ယုံကြည်ချက်ရှိလာတယ်။ စာဖတ်နှုန်း သိသိသာသာမြန်လာတယ်။ လုပ်ငန်းခွင်မှာလည်း အင်္ဂလိပ်စာနဲ့ အရမ်းရင်းနှီးလာတယ်လို့ ခံစားရပါတယ်။ ၉ လ အတွင်း သိသာတဲ့ တိုးတက်မှုကိုကြည့်ပြီး The SPACE က ပြောတဲ့ ၂ နှစ်အတွင်း အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်မယ်ဆိုတဲ့ စကားကို ပိုပြီး ယုံကြည်မှု ရှိလာပါတယ်။”

“Hello, everyone. I am Thin Myat Mon. I’ve been joining the SPACE Language Academy since March 2017. I started from Zero-Hero class and now I am attending Intermediate level. My English skills have greatly improved during nine-month time, in particular, getting to know loads of new vocabulary. I used to hesitate to read in English. When I read in English before joining here, I used to look up every word I don’t know, which held me back in reading. But now, I have become confident enough to read the whole book in English because of the reading techniques I learnt at the SPACE Language Academy. I feel more familiar with English in my workplace too. As I can see my own improvement during 9 months, I believe more in what the SPACE guarantees to help us become proficient in English in 2 years.”

Thin Myat Mon

Kyaw Min Naing

“The SPACE မှာ Zero to Hero level (March 2017) ကနေစပြီး တက်ခဲ့တာ အခုဆို Intermediate level ရောက်လာပါပြီ။ အင်္ဂလိပ်ဘာသာစကား သိသိသာသာတိုးတက်လာတဲ့အပြင် The SPACE နဲ့ပတ်သက်ပြီး အဆင်အပြေဆုံးက သင်တန်းကြေး၊ အချိန် နဲ့ တည်နေရာပါ။ ကျွန်တော်တို့လို ဝန်ထမ်းတွေအတွက် တတ်နိုင်တဲ့ သင်တန်းကြေးဖြစ်ပြီး တစ်ခန်းကို ကျောင်းသားနည်းနည်းပဲ လက်ခံတာမို့ တကယ်ကို ထိထိရောက်ရောက် နဲ့ပေးရတာထက် ပိုတဲ့အရည်အသွေးမျိုးရစေပါတယ်။ ဝန်ထမ်းတွေအတွက် ရုံးချိန်လွတ် သင်တန်းချိန်တွေ ဖြစ်တဲ့အပြင် ရုံးဆင်းပြီး ပင်ပင်ပန်းပန်း သင်တန်းလာတက်တဲ့ ကျောင်းသားတွေကို တက်တက်ကြွကြွဖြစ်အောင် သင်ကြားပေးတဲ့ သင်ကြားရေး နည်းစနစ်တွေကြောင့် အင်္ဂလိပ်ဘာသာစကား သင်ယူရတာ ပင်ပန်းတယ်လို့ ဘယ်တော့မှ မခံစားရစေပါဘူး။ ကျွန်တော့ အင်္ဂလိပ်စာ အသိသာဆုံး တိုးတက်မှုကတော့ အင်္ဂလိပ်လို တကယ်ကို ရဲရဲဝံ့ဝံ့ ပြောတတ်လာတာပါပဲ။ အရင်ဆို အင်္ဂလိပ်စာနဲ့ အထိအတွေ့ အရမ်းနည်းပြီး အင်္ဂလိပ်လို လုံးဝပြောလို့ မထွက်ခဲ့ဘူး။ အခုတော့ ဘာသာစကားရဲ့ အနှစ်သာရကို နားလည်လာပြီး အင်္ဂလိပ်လို ယုံကြည်ချက်ရှိရှိ ပြောတတ်လာစေတာ The SPACE မှာ တက်ရင်း ရရှိလာတဲ့ အကျိုးကျေးဇူးတွေပါ။”

“I’ve been joining the SPACE since March 2017 and now I’ve got to Intermediate level. I have become fluent in English and what suit me most are the course fees, the class time and the location of the SPACE Language Academy. The course fees are reasonable for working people like us and there is a limited number of students in a class, so I can say that the school offers the quality and effectiveness. The classes are open out of office hour. We come to the class after the office, feeling tired, but we never feel reluctant or bored to come to the class because of the teaching techniques that keep us active and motivated. The most obvious improvement is that I can speak out in English with confidence now. I didn’t have much exposure to English, that’s why I didn’t feel confident to speak in English at all. But now, I’ve learnt to realize the essence of a language and become confident to speak in English, all thanks to joining the SPACE Language Academy.”

Kyaw Min Naing

Naing Khun Aung & Khin Marlar Tun

“အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံးက အင်္ဂလိပ်စာနဲ့ မထိတွေ့တာ ကြာပြီဆိုတော့ အင်္ဂလိပ်ဘာသာစကားကို အခြေခံကနေ ပြန်ပြီး refresh လုပ်ချင်ခဲ့တာနဲ့ The SPACE Language Academy မှာ တက်ဖြစ်ခဲ့ပါတယ်။ ဒီကျောင်းလေးမှာ တက်ရတာ ဖော်ရွှေတဲ့ အတန်းဖော်တွေရယ်၊ စိတ်ရှည်ရှည်နဲ့ တကယ်ကို အခြေခံကနေ သေသေချာချာသင်ပေးတဲ့ teacher တို့ကြောင့် အင်မတန်အဆင်ပြေပြီး ပျော်ဖို့လည်းကောင်းပါတယ်။ အခုတက်နေတဲ့ ၃ လ ကျော်ကာလမှာ သိသိသာသာတိုးတက်လာတာကတော့ listening skill နဲ့ speaking skill တွေဖြစ်ပါတယ်။ အခုဆို ပြောရတာ ကိုယ်ကိုယ့်ကို ပိုပြီး ယုံကြည်မှုရှိလာတယ်။ ပြောရဲလာတယ်။ စနစ်ကျတဲ့ သင်ကြားနည်းစနစ်တွေကြောင့် The SPACE ပြောထားသလို ၂ နှစ်အတွင်း အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်မယ်ဆိုတာကို အပြည့်အ၀ ယုံကြည်မှုရှိပါတယ်။ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုနဲ့ ကျောင်းရဲ့ ပံပိုးမှု facilities တွေကလည်း တကယ်စိတ်ကျေနပ်စရာကောင်းလို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။”

“Hello everyone. Both of us lost touch with English for a long time and we would like to start learning English from the very basic level. That’s why, we joined the SPACE Language Academy. We have a really great time learning English here at the SPACE Language Academy because of friendly class mates and, patient and skillful teachers. What we have improved during three-month time is our speaking and listening skills. We become more confident in speaking. I do believe what the SPACE Language Academy promise us to help us become competent in English within two years. The service of the staff and the facilities of the school are really nice. I’d love to invite everyone to join the SPACE Language Academy.”

Naing Khun Aung & Khin Marlar Tun