Dining Room

Dining Room

Dining Room

ဒီတစ်ခေါက် အလှည့်ကျတာကတော့ ထမင်းစားခန်းထဲက စကားလုံးတွေပဲဖြစ်ပါတယ်။လေ့လာကြည့်ကြရအောင်။

Dining Table =  ထမင်းစားပွဲကိုခေါ်ခြင်းဖြစ်ပါတယ်။

Dining Chair = ထမင်းစားပွဲကို dining table လို့ခေါ်တော့ ထိုင်တဲ့ခုံကိုကျတော့ dinning chair ဖြစ်သွားပါတယ်။

China Cabinet = အလွယ်ပြောရင်တော့ ကြောင်အိမ်လို့ပဲ ပြောလေ့ရှိပါတယ်။ ကြွေထည်တွေ ‘china’ (ဥပမာ ကြွေပန်းကန်၊ ကြွေခွက်) တွေ ထည့်တဲ့ ပုံထဲကလို အပေါ်ပိုင်း မှန်တစ်ဝက် ပါတဲ့ ဘီရို ကိုပြောတာပါ။

Table Cloth= စားပွဲခင်းကိုပြောခြင်း ဖြစ်ပါတယ်။

Napkin= လ က်သုတ်ပဝါဖြစ်ပါတယ်။

The Dishes = ပန်းကန်ခွက်ယောက်များကိုခေါ်ခြင်း ဖြစ်ပါတယ်။

Coffee Maker= ကော်ဖီ ဖျော်စက်ဖြစ်ပါတယ်။

Toaster = ပေါင်မုန့်မီးကင်စက်ဖြစ်ပါတယ်။Coffee maker နဲ့ toaster တို့ကို ထမင်းစားခန်းထဲမှာလည်းထားသလို မီးဖိုချောင်မှာ သုံးတဲ့ kitchen gatget တွေအနေနဲ့လည်းမြင်တွေ့ရလေ့ ရှိပါတယ်။

Share on Social Media